မရမ်းကုန်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)ကျင်းပ

 



MNP - အောက်တိုဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉း၀၀နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ(ဆင့်ပွား) ကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မရမ်းကုန်းခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက စီမံ၊ ဘဏ္ဍာ၊ သင်ကြား၊ ကြီးကြပ် အကဲဖြတ်ကဏ္ဍများကို ဦးဆောင်ဆွေးနွေးပို့ချခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၃၈)ဦးတို့ တက်ရောက်လျက်ရှိပြီး  အောက်တိုဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ (၃၀)ရက်နေ့ အထိ (၂)ရက်တာ  ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)