တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး သက်ငယ်တန်းလက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး သက်ငယ်တန်းလက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်



MNP - အောက်တိုဘာ  ၂၉


တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး သက်ငယ်တန်း လက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားရုံ၌ ကျင်းပသည်။


ရှေးဦးစွာလက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး (၄၅၊ ၄၈၊ ၅၇) ကီလိုတန်းနှင့် အမျိုးသား (၄၀၊ ၄၉၊ ၅၂) ကီလိုတန်းပြိုင်ပွဲတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည်ရှုအားပေးခဲ့ကြပြီး ဒိုင်အဖွဲ့ဝင် များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။


ထို့နောက်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အမျိုးသား/အမျိုးသမီးတစ်ဦးချင်း အကောင်းဆုံးဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့က အမျိုးသား (၄၀၊ ၄၉၊  ၅၂) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိ သူများအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတို့က အမျိုးသမီး (၄၅၊ ၄၈၊ ၅၇) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသားသက်ငယ်တန်းတွင် ရွှေ(၄)ခု ရရှိသော မြိတ်မြို့နယ်အသင်း နှင့် အမျိုးသမီးသက်ငယ်တန်းတွင် ရွှေ(၅)ခု ရရှိသော ထားဝယ်မြို့နယ် အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)