မောင်တောမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး  လုပ်ငန်း ညှိနှိုင်း အ စည်းအဝေးကို ယနေ့  နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ ၌ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ မှ ကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် ပွဲ တော် ကျင်းပ နိုင်ရေး အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ ၊  ဌာနများအလိုက် ပဒေသာပင်များ ဆောင် ရွက် နိုင်ရေး ကိစ္စ ရပ်များ ၊  မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ  လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဌာနများ အ လိုက် ဆွေးနွေး တင်ပြ ကြ ရန်  လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်း အောင်က ဌာန များအလိုက် ပဒေသာ ပင်များ ဆောင်ရွက် နိုင်ရေး ကိစ္စ ရပ်များ ၊ ပဒေသာပင် တစ်ပင်လျှင် ငွေကျပ် သုံးသိန်း အထက် ပဒေသာပင် အရေအတွက် ၃၁ ပင် လျာထားကြောင်း နှင့် မြို့နယ်အတွင်း ကထိန် မရရှိသေးသော ကျောင်း ၁၀ ကျောင်း နှင့် ပင်သံဃာ များကို  ဘုံကထိန် ဆက်ကပ် ရန် လျာထား ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူးမှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက် ၊ တန်ဆောင် မုန်းလဆန်း(၁၄)ရက်နေ့တွင် သီရိမင်္ဂလာခန်းမ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စည်းကမ်းချက်များ နှင့် အညီ စုပေါင်း မဟာဘုံကထိန်ပွဲတော်ကျင်းပမည့် အခြေအနေ များ ၊ ပွဲကျင်းပသည့်နေ့တွင် ပဒေသာပင်များစီတန်းလှည့်လည် နိုင်ရေး ကိစ္စရပ်များ နှင့် ဆောင်ရွက်မည့် အစီ အစဉ်များအား ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် တက်ရောက် လာကြ သော ဌာနဆိုင်ရာများ တာဝန်ရှိသူများက  မဟာ ဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီများ၏ ကဏ္ဍ အလိုက် လုပ် ဆောင် မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေး တင်ပြကြရာ  တင်ပြချက်များအပေါ်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)