Pages

Pages

သံတောင်ကြီးမြို့စံပယ်လမ်းတွင် အုတ်စီရေမြောင်းလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 


MNP - အောက်တိုဘာ   ၁၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့်သံတောင်ကြီးမြို့ရပ်ကွက်(၁)နှင့် ရပ်ကွက် (၂)ကြားရှိစံပယ်လမ်းအား Box Culvert နှင့်အုတ်စီရေမြောင်းလုပ်ငန်းရာ နှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။


အဆိုပါ စံပယ်လမ်းတွင်Box Culvert ကိုအလျား (၁၅) ပေ အနံ (၃)ပေ အမြင့် (၃)ပေနှင့် အုတ်စီရေ မြောင်းတွင်အလျား(၆၀) အနံ (၂)ပေအမြင့်(၄)ပေဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေကျပ်(၅၀)သိန်းဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။


သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်သည့်အတွက် မိုးတွင်းအချိန်တွင် ရေစီးရေလာကောင်းမွန်စေရန်နှင့်လမ်းများ ရေတိုက်စားမှုမရှိစေရန်ယခုကဲ့သို့ Box Culvertအုတ်စီရေမြောင်းများ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံပြည်သူများအတွက် များစွာအကျိုးကျေးဇူးရှိကြောင်း သိရသည်။


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment