Pages

Pages

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၀


မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီက မုဒုံမြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။


ရှေးဦးစွာ မော်လမြိုင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ချိုချိုနိုင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ပထမပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်အသင်းနှင့် ချောင်းဆုံမြို့နယ်အသင်းတို့က စတင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ပထမဆု၊ဒုတိယဆု၊ ပူးတွဲတတိယဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို ချီးမြှင့်သွားမည်ဖြစ်သည်။


အဆိုပါ ပြိုင်ပွဲကို တစ်မျိုးသားလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment