စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေး ဘွဲ့စာပေးစာယူသင်တန်း ပထမနှစ် အပတ်စဉ် - ၂၂ နှင့် ဒုတိယနှစ် အပတ်စဉ် -၂၁ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေး ဘွဲ့စာပေးစာယူသင်တန်း ပထမနှစ် အပတ်စဉ် - ၂၂ နှင့် ဒုတိယနှစ် အပတ်စဉ် -၂၁ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်





MNP ၊ အောက်တိုဘာ ၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့စာပေးစာယူ သင်တန်း ပထမနှစ် အပတ်စဉ် - ၂၂နှင့် ဒုတိယနှစ် အပတ်စဉ်- ၂၁ သင်တန်းသား၊ သင်တန်းသူ များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ပညာရေးဘွဲ့ စာပေးစာယူသင်တန်း ပထမနှစ် အပတ်စဉ် - ၂၂ သင်တန်းသား၊ သင်တန်းသူများ ထံငွေကျပ်- ၂၅ သိန်းနှင့် ဒုတိယနှစ် အပတ်စဉ်- ၂၁ သင်တန်းသား၊ သင်တန်းသူ များထံငွေကျပ်- ၂၅ သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းနောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ ပညာရေးဘွဲ့စာပေးစာယူသင်တန်း ပထမနှစ်အပတ်စဉ် - ၂၂ သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ - ၉၇၇ ဦး၊  ဒုတိယနှစ်အပတ်စဉ်- ၂၁ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ - ၁၀၅၉ ဦး၊ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ - ၂၀၃၆ (နှစ်ထောင်သုံးဆယ် ခြောက်)ဦး တက်ရောက်ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေး တက္ကသိုလ် ဆိုင်းဘုတ်မုဒ်ဦး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးရာ စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် ဒုတိယပါမောက္ခချုပ်များက ဆိုင်းဘုတ် မုဒ်ဦးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့ကြသည်။


အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်အဖွဲ့ အုပ်ချုပ်သူထံ အောင်နိုင်ရေး အလံအားပေးအပ်ပြီး ပြိုင်ပွဲဝင်အနုပညာရှင်၊ ဝါသနာရှင်များက ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင် လေ့ကျင့်ထားသည့် အဆို၊အက၊အတီးများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)