ဟင်္သာတမြို့နယ်၌ ဆရာ၊ဆရာမများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ ဆရာ၊ဆရာမများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

 


MNP - အောက်တိုဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တာဝန်ခံဆရာ၊ ဆရာမများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၉နာရီ အချိန်က စတင်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအမျိုးသားခန်းမနှင့် အထက ၃ ပြည်ထောင်စု ခန်းမတို့၌ ကျင်းပခဲ့သည်။


အခမ်းအနား၌ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက အမှာစကားပြောကြားပြီးနောက် မြို့နယ် ပညာရေးမှူး ဦးလှမြင့်က  စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံးဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ဟင်္သာတမြို့မြို့နယ် ပညာရေးမှူး၊ ဇလွန်မြို့နယ်ပညာရေးမှူးနှင့် လေးမျက်နှာမြို့နယ် ပညာရေးမှူးတို့က  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ  အထက်တန်းကျောင်းအုပ် ၂၂ ဦး ၊ အလယ်တန်းကျောင်း အုပ် ၅၃ ဦး၊ မူလတန်းကျောင်းအုပ် ၂၇၉ ဦး စုစုပေါင်း ၃၅၄ ဦးတို့အား စီမံ၊ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းကြီးကြပ်အကဲဖြတ် လုပ်ငန်းဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အချိန်ထိ၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချ သင်ကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)