တာမွေမြို့နယ်တွင် တိုက်ခန်းအနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် တိုက်ခန်းအနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွား


MNP ၊  အောက်တိုဘာ   ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အောင်မင်္ဂလာလမ်း နှင့် သီတာလမ်းဆုံရှိ အမှတ်(၉၂) (၂)ခန်းတွဲ (၅)ထပ်တိုက်အမျိုးအစားတွင် ယနေ့နံနက်ပိုင်းအချိန်က အဆိုပါတိုက်၏ ပထမထပ်ဝဲဘက်အခန်း အနောက်ဘက်ရှိ ဝရန်တာပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူမှုကူညီရေး အသင်းဝင်များ ရောက်ရှိပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ တိုက်အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူအမျိုးသမီးမှာ ဒေါ်ခင်စန်းရီ (ဘ) ဖိုးကျား အသက်(၅၀)နှစ်ဖြစ်ပြီး ၎င်းတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် ခါးအောက်ပိုင်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ လျက်ရှိကြောင်းနှင့် အဆိုပါ အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ပြန်လည်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)