MNP ၊ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကမ်းဖြူအုပ်စုမှ ကမ်းဖြူကျေးရွာ၊ ကင်းကျေးရွာ၊ စိန်နားကျေးရွာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင် ကျောင်းတိုက် ဆရာတော် ဦးဝါသဝ ကြွရောက်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားခဲ့ရာ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးကို တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ မရကြောင်း၊ PDF အကြမ်းဖက်သမားများ၏ သဘာဝမကျသော အကြမ်းဖက်လုပ်ရပ်များ၊ သံဃာတော်များကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေမှုများကို ရှင်းလင်းပြောကြားပြီး အမျိုး ဘာသာ သာသနာအတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် မိန့်ကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား သင်တန်းဆင်းဂုဏ်ပြုပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment