Pages

Pages

မာန်အောင်မြို့နယ် သစ်ပုံကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာ၌ မီးဘေးသင့်မိသားစုအား ထောက်ပံ့ပစ္စည်းများပေးအပ်




MNP - အောက်တိုဘာ   ၄


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် စက်တင်ဘာလ ၂၂ ရက်နေ့က  မီးလောင်ဆုံးရှုံးသွားသော နေအိမ်မိသားစုအား ယမန်နေ့ မွန်းလွဲ၃နာရီက ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ပေးအပ်သော မိသားစုအသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို မာန်အောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သန်းနှင့်တပ်ဖွဲ့ဝင်များက သစ်ပုံကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာသို့ သွားရောက်ပြီး နေအိမ်မီးဘေးသင့်သူ ဦးမောင်ဘအောင်မိသားစုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment