Pages

Pages

နတ်မောက်မြို့ မြို့နယ်မြေဩဇာ ဖြန့်ဖြုးရောင်းချရေးကော်မတီဖြင့် ယူရီယားဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေး


MNP - အောက်တိုဘာ   ၁၈


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့နယ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီမှ ယူရီယားဓာတ် မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါယူရီယားဓာတ်မြေဩဇာများကို စပါး၊ ဝါနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးသည့်  တောင်သူများအား လက်ရှိဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် သဘာဝမြေဩဇာများ ပြုလုပ်သည့်နည်းပညာများကို အသိပညာပေးဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ မြို့နယ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေး ကော်မတီဝင်များက နေကြာမျိုးစေ့ထုတ်ပေးခြင်းနှင့် ယူရီယား ဓာတ်မြေဩဇာများကို   ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ   ဒေါ်မြင့်မြင့်ချိုထံကသိရသည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment