Pages

Pages

မင်္ဂလာဒုံမြို့နယ်တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို အမှတ်(၃၇)အခြေခံပညာ မူလတန်းကျောင်း၌ဆောင်ရွက်

 



MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်ရှိ အမှတ် (၃၇) အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း၌ ယနေ့ နံနက်(၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်ခေါင်းဆောင်သော အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ စုစုပေါင်း (၁၄၀ )ဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထို့အပြင် သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်နိုင်ရေးအတွက် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ ရှင်းလင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဆေးဖျန်းခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မြတ်မွန်ခင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment