Pages

Pages

ငပုတောမြို့၌ ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ငါးမျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျှက်ရှိ



MNP ၊ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပြည်သူများ စားဝတ်‌နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ငါးလုပ်ငန်းဌာနမှ ကြီးကြပ်၍ ငါးမျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယ‌နေ့နံနက်(၇)နာရီအချိန်က ငပုတောမြို့မဈေးရှေ့တွင် ငါးလုပ်ငန်းရှင်များက   ရောင်းချပေးခဲ့ကြောင်း  သိရသည်။


ထို့သို့ ရောင်းချရာတွင် ပုစွန်ကျော့၊ ငါးသလောက်၊ ကကတစ်(၂၅)ကျပ်သားနှစ်ထုပ်(၅၀၀)ကျပ်၊ ငါးမြီးတံသွယ်၊ ငါးဇင်းပြား၊ ငါးကြားမ(၅၀)ကျပ်သားနှစ်ထုပ်(၅၀၀)ကျပ် ငါးမျိုးစုံ(၅၀)သား တစ်ထုပ်ကို  ငွေ(၅၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး ဝယ်ယူသူတစ်ဦးကို တစ်ထုပ်သာရောင်း ချပေးခဲ့ရာ စုစုပေါင်း ငါးပိသာပေါင်း( ၃၀၀)ပိသာအား  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်လွင် ၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ( တာဝန်ခံ )ဒေါ်ဝင်းဝင်းခိုင်နှင့်ဝန်ထမ်းများမှ ရောင်းချပေးနေမှုအား ကြည့်ရှု့အားပေးခဲ့ကြပြီး Mask များအခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။


R/033( ငပုတော)

https://t.me/MyanmarNationalPost

No comments:

Post a Comment