လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်ခွင်ပြင်ပထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်ခွင်ပြင်ပထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ထုတ်ပေး




MNP - အောက်တိုဘာ   ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Myanmar LNY Caps  Co,Ltd မှ အာမခံအလုပ်သမားဒေါ်မိုးမိုးသန်းသည် အလုပ်ခွင်ပြင်ပတွင် ထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူမိသားစုဝင်အား လူမှုဖူလုံရေးရုံး၌ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးလျက်ရှိသည်။


အာမခံအလုပ်သမားဒေါ်မိုးမိုးသန်းသည် လုပ်ငန်းခွင်မှနေအိမ်သို့အပြန်လမ်း၌ ဆိုင်ကယ်လက်ကိုင်ဖြင့် ချိတ်ပါသွားပြီး ကတ္တရာလမ်းပေါ်ပြုတ်ကျခဲ့ရာ နောက်စေ့ဒဏ်ရာဖြင့် ဆေးရုံ၌ဆေးကုသစဉ်သေဆုံးသွားခဲ့သည့်အတွက် အကျိုးခံစားခွင့်ငွေလုံးငွေရင်းထုတ်ပေးခြင်းကို လှိုင်သာယာမြို့နယ် အလုပ်သမားဝန်ကြီးဌာနလူမှုဖူလုံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက၂၀၁၂ ခုနှစ်လူမှုဖူလုံရေးအကျိုးခံစားခွင့်ဥပဒေများကို ကျန်ရစ်သူမိသားစုဝင်များအား ရှင်းလင်းပြောကြားသည်။


Myanmar LNY Caps  Co,Ltd  မှ အာမခံ အလုပ်သမားဒေါ်မိုးမိုးသန်း၏ အလုပ်ခွင်ပြင်ပထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ပြုငွေကျပ် ၃၇၈၀၀၀၀/-(သုံးဆယ့်ခုနှစ်သိန်းရှစ်သောင်းကျပ်တိတိ)ကို ရုံးခွဲတာဝန်ခံ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များမှ စက်ရုံတာဝန်ရှိသူက မိသားစုဝင်များရှေ့မှောက်တွင် မိခင်ဖြစ်သူဒေါ်မြဌေးထံသို့ အင်းစိန်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသူမျိုးချစ်မှ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)