Pages

Pages

ပန်းတောင်းမြို့နယ်တွင် ပေါ်တော်မူရှင်ဖြူမြတ်စွာဘုရား မျက်လုံးတော်ပွင့်နိမိတ်ကောင်းပြခဲ့ပြီး ဂိုဏ်းပေါင်းစုံဆရာတော်များက ပဌာန်းရွတ်ဖတ်ပူဇော်



MNP - အောက်တိုဘာ   ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပေါ်တော်မူရှင်ဖြူမြတ်စွာဘုရား မျက်လုံးတော်ပွင့်နိမိတ်ကောင်းပြခဲ့ပြီး ဂိုဏ်းပေါင်းစုံဆရာတော်များက ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရက ဖရောင်းတိုင် ၂၄ တိုင်ထွန်းညှိပူဇော်၍ ပေါ်တော်မူရှင်ဖြူမြတ်စွာဘုရားကြီးရင်ပြင်တော်၌ ဂိုဏ်းပေါင်းစုံဆရာတော်များက ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment