Pages

Pages

သထုံမြို့၊ အထက(၂)ကျောင်းရှိ ရှေးဟောင်းအုတ်ခွက်ဘုရားများအား တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေး







MNP ၊ အောက်တိုဘာ  ၁

မွန်ပြည်နယ်၊ သထုံမြို့၊ ရွှေစာရံဘုရားလမ်းရှိ အထက(၂)ကျောင်းဝင်းအတွင်း ကျောင်းအဆောင်သစ်ဆောက်လုပ်ရန်မြေတူးရာမှ ထွက်ပေါ်လာသည့် ရှေးဟောင်း အုတ်ခွက်ဘုရားများကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


လာရောက်ကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ပြည်နယ်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုး၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများတို့က မုဒြာပုံစံအမျိုးမျိုးရှိ ရှေးဟောင်း အုတ်ခွက်ဘုရားများအား စစ်ဆေးခြင်း၊ မှတ်တမ်းယူခြင်းများဆောင်ရွက်ကြကာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါအုတ်ခွက်ဘုရားများမှာ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်မှစတင်ကာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ် ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့ စုစုပေါင်း ၃၁၀ ကျော်ခန့်အား တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment