ကျောင်းကုန်းမြို့ မြတ်ပညာတံခွန် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့ မြတ်ပညာတံခွန် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြတ်ပညာတံခွန် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၂၀၂၀-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့် ထူးချွန်‌အောင် သင်ကြားပေးသော ဆရာ/ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ပညာတံခွန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ "မြန်မာ့ကျောင်းသီချင်း" သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က အလေ့အကျင့်တစ်ခု ပြုကျင့်သူတို့၏ အောင်ပွဲဖြစ်ကြောင်း ပြောကြားပြီး၊ မြတ်ပညာတံခွန်ကိုယ်ပိုင် ကျောင်းရဲ့ကျောင်းအုပ်ဆရာကြီး ဦးတင်မြင့်က ၂၀၂၀ ခုနှစ်တွင် ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ ဂုဏ်ထူးရှင် (၂၄)ဦးနှင့် ၂၀၂၂ ခုနှစ်တွင် လေးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ ဂုဏ်ထူးရှင် (၄၂)ဦး‌ မွေးဖွားပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တိုဘတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်(၂) ဦးတင်မောင်၊ မြို့နယ်ပညာရေးမှူးဦးအောင်ကျော်မြင့်နှင့် ကျောင်းအုပ်ဆရာကြီး ဦးတင်မြင့်တို့က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ ၂၀၂၀-၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်အောင်သင်ကြားပေးသော ဆရာ/ ဆရာမများနှင့် Guide ဆရာ/ ဆရာမများအား သင်ကြားလေ့ကျင့်မှုထူးချွန်ဆု၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစာမေးပွဲ Grade-10 ထူးချွန်သူ(၆)ဦး တို့အား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)