မော်လမြိုင်ကျွန်းမြို့နယ်တွင် နေကြာသီးနှံစိုက်ဧကပြည့်မီရေး တာဝန်ပေးအပ်ပွဲနှင့်အထွက်နှုန်းတိုးတက်ရေး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် နေကြာသီးနှံစိုက်ဧကပြည့်မီရေး တာဝန်ပေးအပ်ပွဲနှင့်အထွက်နှုန်းတိုးတက်ရေး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

 




MNP - အောက်တိုဘာ   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ စီမံကိန်းသီးနှံ (ဆောင်းနေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နေကြာသီးနှံ စိုက်ဧကပြည့်မီရေး တာဝန်ပေးအပ်ပွဲနှင့် အထွက်နှုန်းတိုးတက်ရေး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်သွင်က ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှုအကြောင်း ရှင်းလင်းဆွေးနွေးကာ  မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအောင်ကိုဦးက ဆောင်းသီးနှံ (နေကြာ) ‌စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေထုတ် ပေးခြင်းလုပ်ငန်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မင်းထက်မှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာအုပ်စု(၁၉)အုပ်စုမှ ဒေသခံတောင်သူများအား  ရေဆင်းစပ်မျိုး နေကြာ(၁) နှင့် OPV (ဆင်းရွှေကြာ-၂) တစ်ဧကလျှင် 3 Kg နှုန်းဖြင့် စိုက်ပျိုးဧက (၃၀၀)အတွက် မျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)