Pages

Pages

ပျော်ဘွယ်မြို့ အာယုသုခအောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုအား ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး



MNP - အောက်တိုဘာ   ၃


ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့တွင် တည်ဆောက်ခဲ့သည့် အာယုသုခ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှု အခြေအနေများ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက ရွှေပြည်ရန်အောင်ရပ်ကွက်၊ အိုးအိမ်ဝန်ထမ်းအိမ်ယာအနီးရှိ အဆိုပါ စက်ရုံအတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှု အခြေအနေများ၊ အောက်ဆီဂျင်လာရောက်ထုတ်ယူနေမှုအခြေအနေများ၊ ရေပိုက်လိုင်းသွယ် တန်းခြင်းနှင့် ရေလှောင်ကန်တည်ဆောက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် စက်ရုံတာဝန်ခံ ဦးခင်မောင်ဇင်တို့က ပြန်လည်ရှင်းလင်း တင်ပြ ကြသည်။


ဆက်လက်၍ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့သည် အောက်ဆီ ဂျင်စက် လည်ပတ်နေမှုအခြေအနေများ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ အောက် ဆီဂျင်ထုတ်ပေးနေမှုအခြေ အနေများနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုများကို လှည့် လည်ကြည့်ရှုအားပေးကြသည်။


အာယုသုခအောက်ဆီဂျင်စက်ရုံသည် မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံ(၄)ခုတို့အတွက် အောက်ဆီဂျင်ကို အခမဲ့ထောက်ပံ့မှုပေးနေပြီး လုပ်ငန်းရှင်များလာရောက်ဝယ်ယူပါက (၄၀)လီတာ ဆန့်အောက်ဆီဂျင် တစ်လုံးလျှင် ငွေကျပ်(၅၀၀၀)ဖြင့် ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မင်းမင်းထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment