MNP - အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပေါက်ခေါင်းမြို့ စည်ပင်သာယာဈေးကြီးရှေ့ ဆေးထိုးစုရပ်တွင်ဈေးရောင်း၊ ဈေးဝယ်နှင့် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ယာယီအခန်းဖွင့်လှစ်၍ ကာကွယ်ဆေးထပ်ဆောင်းအကြိမ်ကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒုတိယအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူနှင့် တတိယအကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသူများကို ထပ်ဆောင်းအကြိမ်(Booster Does)တတိယနှင့် စတုတ္ထအကြိမ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက (Myancopharm)အမျိုးအစားကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးရောင်း၊ ဈေးဝယ်နှင့်ရပ်ကွက်အတွင်းရှိပြည်သူများ ပထမအကြိမ် Booster does နှင့်ဒုတိယအကြိမ် Booster does ကို ကျန်းမာရေးဆရာ၊ ဆရာမများက စနစ်တကျထိုးနှံပေးခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးသည့်အပြင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများအားအသိပညာပေးပြောကြားခြင်းနှင့်(Mask Campaign)ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment