ခရမ်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် တပ်ဖွဲ့ဝင်မွမ်းမံ စွမ်းဆောင်ရည်မြင့်သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် တပ်ဖွဲ့ဝင်မွမ်းမံ စွမ်းဆောင်ရည်မြင့်သင်တန်းဆင်းပွဲကျင်းပ



MNP - အောက်တိုဘာ   ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ မီးသတ်ဦးစီးဌာနလမ်းရှိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သော တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်မြှင့်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူးဒေါ်ခင်မိုးလွင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး သင်တန်းနည်းပြ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူးဦးမျိုး ဇော်ဝင်းကသဘာဝဘေးအန္တရာယ်များ၊ နေ့စဉ်ဖြစ်ပေါ်နေသည့်မတော်တဆမှုများတွင် ထိခိုက်ဒဏ်ရာရရှိမှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေး၊ ရပ်ရွာအတွင်း ရှေးဦးပြုစုခြင်းအတတ်ပညာပြန့်ပွားနိုင်ရေး၊ လူတိုင်းကူညီနိုင်ခွင့်ရရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက်သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့်ထူးချွန်ဆုရရှိသူ သင်တန်းသားသုံးဦးတို့အား မြို့နယ်တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုများပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ တပ်ဖွဲ့ဝင်(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများက ပတ်တီးစည်းခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများတုပ်ခြင်းကိုက်ခြင်း၊ အခြေခံအသက်ကယ်အထာက်အကူပြုစုနည်း(CPR)၊ ဆို့နင်ခြင်းအရိုးကျိုးခြင်း၊ အပူလောင်ခြင်းများအားပြုစုခြင်း၊ လူနာသယ်ဆောင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြရောက်ပါက ကူညီကယ်ဆယ်ရေးနည်းစနစ်များကို စာတွေ့လက်တွေ့သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)