နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာ အုပ်စုဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာ အုပ်စုဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေး




MNP - အောက်တိုဘာ  ၂၅


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ရှေ့ဆက်ဆောင်ရွက်လုပ်ကိုင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အရေးကြီးလာပြီဖြစ်ပြီး တိတိကျကျမှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း စုပေါင်းတိုင်ပင်ဆွေးနွေး လုပ်ကိုင်ကြရန် ပြောကြားသည်။


ဆက်လက်၍ သာယာဝတီခရိုင် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်နှင့် မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်ချိုဇင်မောင်တို့က လျာထားမဲရုံထားရှိမည့် တည်နေရာအချက်အလက်များအား ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။


နတ်တလင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု(၈၄)အုပ်စုရှိပြီး ဆန္ဒမဲပေးနိုင်မည့်လျာထားဦးရေ ၈၃၅၅၉ ဦးရှိကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)