ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆောင်ရွက်



MNP -  အောက်တိုဘာ ၂၉


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌ပေ ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ "ချစ်နိုင်(စိတ်ပညာ)" ရေးသားထားသည့် "ရွှေရောင် လွှမ်းတဲ့ အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊  စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက် ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိ စေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ "ချစ်နိုင်(စိတ်ပညာ)" ရေးသားထားသော" ရွှေရောင်လွမ်းတဲ့ အခွင့်အလမ်း "စာအုပ်ပါ အသိပညာပေး ဆောင်းပါးများ ကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်‌ ဒေါ်မိုးမိုးအေးနှင့် စာပေ ဝါသနာရှင် ဒေါ်‌ထွေးနန္ဒာဝင်း၊ မသဇင်လင်းနှင့်‌‌ ဦးသူရလင်းမောင်တို့က စာအုပ်ပါ အသိပညာပေး ဆောင်းပါး အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။


ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)