ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမဖြစ်ပေါ်စေရေး ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမဖြစ်ပေါ်စေရေး ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ

 



MNP - အောက်တိုဘာ  ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၄)လအထက်ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်က ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ (၄)လနှင့်အထက်ရှိသူများဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose များထိုးနှံပေးခဲ့သည်။


ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် အပတ်စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)