Pages

Pages

ကျောက်ဖြူမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ဆုရွေးချယ်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးအခမ်းအနားပြုလုပ်

 




MNP ၊ အောက်တိုဘာ ၁၉

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်း အနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီး မြှင့်နိုင်ရေးအတွက် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်များမှ ပေးပို့ဆုလျှောက်ထားလာသည့် ကျောင်း များအား သတ်မှတ်အရည်အချင်းကိုက်ညီမှုရှိ/မရှိ ဆုရွေးချယ်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ 


အခမ်းအနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးက အဖွင့်အမှာစကားပြောကြားပြီး  အတွင်းရေးမှူး ဖြစ်သည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က သန့်ရှင်း၍ စိမ်းလန်းစို ပြည်သောကျောင်းများဆုရွေးချယ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင် ECD ရုံးများမှ ဌာန ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဖွဲ့စည်းပြီး ယှဉ်ပြိုင်လျှောက်ထားလာ သည့် ကျောင်းများအား Ceiteria များနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းအကဲဖြတ်စစ်ဆေးသွားမည်ဖြစ် ကြောင်း၊ ထိုသို့ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့သည့်ရလဒ်များအရ အထက်တန်းအဆင့်ကျောင်းတစ် ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှဆုရွေးချယ်၍ ဆုရကျောင်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များက ကျင်းပပြုလုပ် မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင်Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း အစရှိသည့် ဆုရွေးချယ်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြော ကြားခဲ့သည်။


ထို့နောက် အခမ်းအနားတက်ရောက်လာသူများအား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း များ ဆုရနမူနာတစ်ကျောင်း၏ video clip ကိုဖွင့်လှစ်ပြသပေးရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာဖြင့် ကြည်ရှုခဲ့ကြသည်။ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်နှင်းဖြူဖြူဖွေးမှ ဆုရွေးချယ်ရေးအတွက် အမှတ်ပေးဇယား(Draf)ရေးဆွဲထားမှုအပေါ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးပြီး အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြကာ ခရိုင်ပညာရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment