Pages

Pages

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ရသေ့တောင်မြို့နယ်Community Center ခန်းမ၌ စာအုပ်ပြပွဲနှင့် ဓါတ်ပုံပြပွဲပြုလုပ်




MNP ၊  အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center န်းမ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နေ့လယ် (၁)နာရီအချိန် က  ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကိုကျင်းပပြသခဲ့ကြောင်းသိရသည်။                                                  

၂၀၂၂ခုနှစ် နိုဘင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန Community Center ခန်းမ၌ ကျောင်းသူ/ ကျောင်းသား များနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိပညာဗဟုသု ရရှိမည့်စာအုပ်များ၊ မြန်မာနိုင်ငံသမိုင်းနှင့်သက်ဆိုင်သောစာအုပ်များ၊ အမျိုးသားအောင်ပွဲနေ့သိကောင်းစာအုပ်များ စသည့် စာအုပ်များနှင့်ဓါတ်ပုံများကို  ခင်းကျင်းပြသ လျှက်ရှိသည်။

 အဆိုပါစာအုပ်ပြပွဲနှင့်ဓါတ်ပုံပြပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကစာဖတ်ပရိတ်သတ် ပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေကောင်းများဖတ်ရူ့သည့် အလေ့အထကောင်းများရရှိစေရေးအတွက် ရည်ရွယ်ပြီးကျင်းပရသည်ဖြစ်ကြောင်း သိရှိရပါသည်။၊ 



ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment