Pages

Pages

အမ်းမြို့နယ် (Community Centre) ခန်းမတွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊ အောက်တိုဘာ   ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Com munity Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင်မြို့နယ် ဦးစီးအရာရှိ ဦးစန်းဝင်း က ကလေးအ လုပ်သမား ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများ အရေအတွက်နှင့် ကလေးအလုပ်သမားများ တွေ့ရှိနိုင်သည့်အခြေအ နေများ၊ ကလေး အလုပ်သမား၏ အသက် အရွယ်၊ ကလေးအ လုပ်သမား ပပျောက် ရေးအတွက် ဥပဒေရေးရာနှင့်ပတ်သတ်ပြီး ဆောင်ရွက်ပေး နေမှုများ၊ ကလေး သူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေး အလုပ်သမားများအား ခိုင်းစေလျှင် ဥပဒေအရ ပြစ်မှု ပြစ်ဒဏ်များကလေး သူငယ်များအား ခိုင်းစေခြင်းအတွက် တားမြစ်ချက်များ၊ မြန်မာနိုင်ငံ အတွင်း ကလေး အလုပ်သမားနှင့် ပတ်သတ်ပြီး အကာအ ကွယ် ပေးထားတဲ့ ဥပဒေများ၊  ကလေး သူငယ်များအပေါ် ခွဲခြား ဆက်ဆံမှု ပပျောက် စေရေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုး တက်ခွင့် ၊ ကာကွယ် စောင့် ရှောက်ခွင့်များ စသည့် အကြောင်း အရာများကို ဆွေနွေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး  နံရံကပ်စာ စောင်အား အများပြည်သူများ ဖတ်ရှု့လေ့လာနိုင်ရေး ပြသဆောင် ရွက်ထားရှိရာ  လူငယ်များက စိတ်ပါဝင်စားစွာ ဖြင့် လေ့လာ ဖတ်ရှုခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment