မွန်ပြည်နယ်ဝန်ကြီးချုပ် ကြက်ခြေနီအသင်း Emergency Medical Responder – Ambulance Training ဖွင့်ပွဲ အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ကြက်ခြေနီအသင်း Emergency Medical Responder – Ambulance Training ဖွင့်ပွဲ အခမ်းအနားတက်ရောက်







MNP ၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အစီအစဉ်ဖြစ်သည့် Emergency Medical Responder – Ambulance Training ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ ရှေးဦးပြုစုခြင်း နှင့် အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်း ဆောင်ရွက်ခြင်းသည် များစွာအရေးပါကြောင်း၊ ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများသည်လူတိုင်းတတ်ထားအပ်သော ပညာရပ်အဖြစ်ခံယူပြီး တတ်မြောက်ထားသည့် ပညာရပ်များနှင့်အတူ လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကြက်ခြေနီ မောင်မယ်များအနေဖြင့် သင်တန်းမှ ပို့ချသည့် ဘာသာရပ်များကို လေ့လာမှတ်သားပြီး ပြန်လည်အသုံးချခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူမှုကရုဏာလုပ်ငန်းများကို ကျရာနေရာမှ စွမ်းစွမ်းတမံ ဆောင်ရွက်ရန်၊ အကူအညီ လိုအပ် သော ပြည်သူများအတွက် ကြက်ခြေနီ အခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထိုနောက်မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အမရာမော်နိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီအသင်း၏ လုပ်ငန်း ဆောင်ရွက်မှု ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)