အိမ်မဲမြို့နယ်တွင် (English Four Skills Challenge Competition) အင်္ဂလိပ်စာ စွမ်းရည် (၄)မျိုး ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့နယ်တွင် (English Four Skills Challenge Competition) အင်္ဂလိပ်စာ စွမ်းရည် (၄)မျိုး ပြိုင်ပွဲကျင်းပ



MNP - အောက်တိုဘာ  ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာဗိမာန်ခန်းမတွင်  New Generation Legends Foundet အရှင်ထေရိန္ဒမှ ဦးဆောင်ကျင်းပသည့် (English Four Skills Challenge Competition) အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးပြိုင်ပွဲကို ယမန်နေ့နေ့လည် ၁၂ နာရီတွင် ဆက်လက်ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် အိမ်မဲမြို့နယ် စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းတို့က အဖွင့်အမှာစကားများနှင့် အမှာစကားများအသီးသီး ပြောကြားခဲ့သည်။ ထို့နောက် New Generation Legends Foundet အရှင်ထေရိန္ဒမှ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ပြောကြားခဲ့သည်။


ဆက်လက်ပြီး အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း (အိမ်မဲ)တွင် ပြိုင်ပွဲ ကျင်းပပြုလုပ်ခွင့်ပေးသော ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်နှင့် ပြိုင်ပွဲတွင် အမှတ်ပေး ကြီးကြပ်ပေးသော ဆရာ၊ ဆရာမ ကိုယ်စား အင်္ဂလိပ်စာဆရာမ ဒေါ်ညွှန့်ညွှန့်လှိုင်တို့က စကားလက်ဆောင်များ အသီးသီးပြောကြားခဲ့သည်။ ယင်းနောက် Training Centre မှ Teacher Zue Zue Zin မှ ပြိုင်ပွဲ၏ စည်းမျည်းစည်းကမ်းများနှင့် အမှတ်ပေး ရွေးချယ်ပုံကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် (English Four Skills Challenge Competition) အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးပြိုင်ပွဲ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


“အဆိုပါပြိုင်ပွဲကို မိမိတို့မြို့နယ်တွင် English ဘာသာစကားကို စနစ်တကျ တက်ကျွမ်းသော လူမှုအသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်လာစေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော မျိုးဆက်သစ် လူငယ်များ ပေါ်ပေါက်လာစေရန်၊ လူငယ်များအနေဖြင့် မိမိအနာဂါတ်ကို စိန်ခေါ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း” ပြိုင်ပွဲ ဦးဆောင်ကျင်းပသူ New Generation Legends Foundet မှဆရာတော်အရှင်ထေရိန္ဒ မိန့်ကြားချက်အရသိရသည်။


(English Four Skills Challenge Competition) အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးပြိုင်ပွဲကို ယမန်နေ့က စတင်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ (၅၀)ဦးကျော်ရှိကာ ယနေ့တွင် ဇကာတင် (၁၂)ဦး (Grade3, 4 မှ ၂ ဦး၊ Grade 5, 7 မှ ၄ဦး၊ Grade 8 အထက်မှ ၆ဦး) တို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)