Pages

Pages

သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ၏ ICT အသုံးချ သင်တန်းဆင်းပွဲကျင်းပ



MNP - အောက်တိုဘာ  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ် (ဟင်္သာတ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ၏ ICT အသုံးချ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကွန်ပျူတာတက္ကသိုလ်ကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။


အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ ကာ ကွန်ပျုတာတက္ကသိုလ် ကျောင်းအုပ်ကြီးမှ သူနာပြု သင်တန်းသား၊ သင်တန်းသူများအား ICT သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား အားလုံးကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲသို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သူနာပြု သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး နည်းပြဆရာမများ ICT သင်တန်းတက်ရောက်ခဲ့သော ပထမနှစ် သင်တန်းသား ကျား ၁၀ ဦး၊ မ ၆၅ ဦး စုစုပေါင်း ၇၅ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment