ဖျာပုံမြို့၌ Integrated Domestic Gas To Power စီမံကိန်းအတွက် အသုံးပြုမည့် မြေနေရာနှင့် ပတ်သက်၍ သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးပေးချေနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့၌ Integrated Domestic Gas To Power စီမံကိန်းအတွက် အသုံးပြုမည့် မြေနေရာနှင့် ပတ်သက်၍ သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးပေးချေနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး



MNP - အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ နယ်တွင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ PTTEP ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံ၍ Integrated Domestic Gas To Power စီမံကိန်းအတွက် အသုံးပြုမည့်မြေနေရာနှင့် ပတ်သက်၍ သီးနှံနစ်နာကြေးနှင့် မြေယာ လျော်ကြေးပေးချေနိုင်ရေး၊ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်(၁၁)နာရီခွဲ အချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ Integrated Domestic Gas To Power စီမံကိန်းအတွက် အသုံးပြုမည့် မြေနေရာနှင့် ပတ်သက်၍ သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးပေးချေနိုင်ရေး၊ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်က အဖွင့်အမှာစကားပြောကြားပြီး PTTEP ကုမ္ပဏီမှ တာဝန်ရှိသူ (၁)ဦးက Integrated Domestic Gas To Power စီမံကိန်းအတွက် အသုံးပြုမည့် မြေနေရာများနှင့် ပတ်သက်၍ သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးများပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း ဆွေးနွေးတင်ပြသည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ Integrated Domestic Gas To Power စီမံကိန်းအတွက် အသုံးပြုမည့် မြေနေရာ၊ သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးညှိနှိုင်းနှုန်းထားများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြပြီး ဖျာပုံမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌက သီနှံနစ်နာကြေးနှင့် မြေယာလျော်ကြေး များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)