လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗန်းမောက်မြို့နယ်၊ မံယူးကြီးကျေးရွာအနီး နယ်မြေတည်ငြိမ် အေးချမ်းရေးဆောင်ရွက်မှုအပေါ် Khit Thit Media က မဟုတ်မမှန်သတင်းများ ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗန်းမောက်မြို့နယ်၊ မံယူးကြီးကျေးရွာအနီး နယ်မြေတည်ငြိမ် အေးချမ်းရေးဆောင်ရွက်မှုအပေါ် Khit Thit Media က မဟုတ်မမှန်သတင်းများ ထုတ်ပြန်



MNP အောက်တိုဘာ ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့အကျိုးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအပေါ် မမှန်သတင်းများ အမြဲတမ်း ထုတ်လွှင့်နေသည့် တရားမဝင် မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media အနေဖြင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ဆေးရုံ ၂ ခုအား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်သတင်းအား အောက်တိုဘာ ၂၃ ရက်နေ့တွင် လူမှုကွန်ယက်များပေါ်၌ ကောလာဟလ သတင်းများ ထုတ်လွှင့်ခဲ့သည်။


ဖြစ်စဉ်အမှန်မှာ ကချင်ပြည်နယ်အတွင်းသာ စုဖွဲ့လှုပ်ရှားသည့် KIA အနေဖြင့် နိုင်ငံရေးအရ အခွင့်အရေးရယူရန် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်အနီး ဗန်းမောက်မြို့နယ် အတွင်းရှိ မံယူးကြီးနယ်မြေအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများကို စုစည်း၍ မြစ်ကြီးနား၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကားလမ်းကြောင်းနှင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် ယန္တရားများအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်လျက်ရှိသည့်အပြင် ဗန်းမောက်နှင့် ပင်လည်ဘူးမြို့နယ် အတွင်းရှိ အစိုးရဌာနဆိုင်ရာများနှင့် ရုံး၊ အဆောက်အဦများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်အတွင်း အင်အားသုံး၍ အနီးကပ်နှင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်ခဲ့ခြင်း (၇၈)ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့သည်။


ထို့အပြင် KIA အဖွဲ့မှ ဒူဂျွန်၊ ဒူကမ္ဘာဆိုသူများ ဦးဆောင်၍ ဗန်းမောက်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်ကြား မံယူးကြီးကျေးရွာ အနီးတစ်ဝိုက်ရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ဆန္ဒမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများအား PDF အဖွဲ့သို့ ဝင်ရောက်ရန် အတင်းအဓမ္မခြိမ်းခြောက် စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ဝင်အဖြစ် စည်းရုံး၍မရသော ကျေးရွာအုပ်စုများကို ရက်သတ်မှတ်လျက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခြင်းမရှိပါက ရွာလုံးကျွတ် အကြမ်းဖက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် အကြမ်းဖက်အဖွဲ့အစည်းသို့ အဓမ္မသိမ်းသွင်းသည့် ရွံရှာစက်စုပ်ဖွယ် လုပ်ရပ်များကို ကျေနပ်မှုမရှိကြသော ကျေးရွာအုပ်စု အချို့ရှိ ပြည်သူတို့က KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ရန် အောက်တိုဘာ ၂၀ ရက်နေ့တွင် မံယူးကြီးကျေးရွာအတွင်း အစည်းအဝေး ပြုလုပ်ရန်ရှိကြောင်းနှင့် အဆိုပါအစည်းအဝေး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းသို့ ဝင်ရောက်ခြင်း မရှိသေးသည့် ဆန္ဒမပြုသည့် ကျေးရွာအုပ်စုများအား အဓမ္မသိမ်းသွင်းခြင်းနှင့် မရပါက နောက်ဆုံးအဆင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်ရှိသဖြင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ဗန်းမောက်မှ (၅၈)ကီလိုမီတာခန့်ရှိ ပင်လည်ဘူး၊ (၆၀)ကီလိုမီတာခန့်ရှိ ဝန်းသိုမြို့တွင် ခေတ္တအခြေပြုနေသည့် ပင်လည်ဘူး၊ ဝန်းသိုနယ်မြေရှိ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အချိန်၊ နေရာ အတိအကျဖြင့် သတင်းပေးပို့လာခဲ့ကြောင်း သိရှိရသည်။


တပ်မတော်အနေဖြင့် အေးချမ်းမှုကိုလိုလားသော ကျေးရွာသူ၊ ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အချိန်မီ ဟန့်တားနိုင်ရေး ဗန်းမောက်မြို့နှင့် ၃၂ ကီလိုမီတာ ဝေးကွာသည့် မံယူးကြီးကျေးရွာအား အချိန်နှင့် မြေနေရာ ကန့်သတ်ချက်များအရ ၎င်းတို့အစည်းဝေးလုပ်သည့်နေရာသို့ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ အဆိုပါ အကြမ်းဖက်လုပ်ဆောင်မည့် အစည်းအဝေးများလည်း ပျက်ပြားခဲ့ပြီးနောက် အေးချမ်းမှုကို လိုလားသည့် ကျေးရွာအုပ်စုများမှလည်း မူလသတင်းပို့သည့် လုံခြုံရေးတပ်ဖွဲ့သို့ မိမိတို့ အကြမ်းဖက်အဖွဲ့များ မဖြစ်ရေးနှင့် ကျေးရွာသို့ အကြမ်းဖက်မှုမှ အကာအကွယ်ပေး ကူညီမှုကို ကျေးဇူးတင်ရှိကြောင်း လျှို့ဝှက်စွာ ဆက်သွယ်သတင်းပို့ခဲ့ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်အား လျှို့ဝှက်ဆက်သွယ် သတင်းပေးပို့သည့် ကျေးရွာအုပ်စုများ၏ လုံခြုံရေးအတွက် တရားဝင်သတင်း မထုတ်ပြန်သော်လည်း အွန်လိုင်းမီဒီယာများမှ နိုင်ငံအတွင်းနှင့် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီး ကောလာဟလ ထုတ်လွှင့်မှုကြောင့် ဖြစ်စဉ်အမှန်အား ယခုကဲ့သို့ သတင်းမှန် ထုတ်ပြန်ခြင်းဖြစ်ပြီး လျှို့ဝှက်သတင်းပေးပို့ ဆက်သွယ်ခဲ့သည့် ကျေးရွာအုပ်စုများနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအကျိုးငှာ တရားဝင်ထုတ်ပြန်သွားမည် မဟုတ်ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူ ချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ(Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း(Rules of Engagement-ROE) အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)