Pages

Pages

တောင်ကြီးမြို့တွင် Kyokushin Karate အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

 



MNP - အောက်တိုဘာ  ၂၉


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Kyokushin Karate အခြေခံသင်တန်းဖွင့်ပွဲကို တောင်ကြီး မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏ရည်မှန်းချက် တာဝန်များနှင့်အညီ လူထုအခြေပြုဗဟိုဌာနမှ  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်လူရွယ်များအတွက် ယခုသင်တန်း ကဲ့သို့ အခမဲ့သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နည်းပြဆရာများ၏ သင်ကြားပေးမှုကို သင်တန်းသားများအားလုံး ကြိုးစားအားထုတ်သင်ယူကြရန် လိုအပ်ကြောင်း၊ လူထုအခြေပြုဗဟိုဌာနသို့ အချိန်မရွေး အခမဲ့လာရောက်အသုံးပြုနိုင်ကြောင်း ပြောကြားသည်။


ထို့နောက် Kyokushin Karate နည်းပြဆရာ ဦးစိုးမြင့်အောင်က အမှာစကားပြောကြားပြီး သင်တန်းသို့ တက်ရောက်သင်ယူကြသော သင်တန်းသား ၂၀ ဦးအား သင်တန်းနည်းပြဆရာ ဦးစိုးမြင့်အောင်နှင့် ဦးစိုင်းလှအောင်တို့က Kyokushin Karate အခြေခံနည်းစနစ်များကို စတင်သင်ကြားပို့ချပေးလျက် ရှိကြောင်းနှင့် အဆိုပါ သင်တန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ရက်များတွင် နံနက် ၆ နာရီမှ ၇ နာရီခွဲ အထိသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၃ လကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment