Pages

Pages

ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့ လျားစာကြည့်တိုက် Mobile Library ဖြင့်စာ အုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးလျှက်ရှိ




MNP ၊ အောက်တိုဘာ၂၁

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်ကငပလီမြို့စည်ပင် ရုံးနှင့်စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့်ဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်ပြည်သူများအားအသိပညာ ဗဟု သုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များကို နှစ်ပတ်ငှားစနစ် ဖြင့် ငှားရမ်းပေးခဲ့သည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင်စာအုပ်၊ စာစောင်အသစ်များဖြင့်လဲလှယ်ငှား ရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment