မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

 

MNP - အောက်တိုဘာ  ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။


အဆိုပါ Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် သုတ/ရသစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကလေးများစိတ်ဝင်စာမည့် ရုပ်ပြစာအုပ်များကို တစ်ဦးလျှင်(၁)အုပ်နှုန်းငှားရမ်းပေးခဲ့ပြီး Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများထံသို့သွား‌ရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - မြင့်သွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)