Pages

Pages

သံတွဲမြို့၌ MSME လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP - အောက်တိုဘာ   ၁၂


ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကြီးကြပ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများအနေဖြင့် သံတွဲနှင့် ဂွမြို့နယ်အတွင်းရှိ အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် အဆိုပါ ဌာနများအနေဖြင့် အခမ်းအနားပြင်ဆင်ရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။


ထို့နောက်တက်ရောက်လာကြသောခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ဥက္ကဋ္ဌက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သတင်း - စန္ဒာကြည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment