National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် မန္တလေးမြို့၌ ပြုလုပ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် မန္တလေးမြို့၌ ပြုလုပ်မည်



MNP ၊ အောက်တိုဘာ ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)က တာဝန်ယူကျင်းပမည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းအောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့မှ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လက်မှုအနုပညာအချို့သည် ကွယ်ပျောက်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်လာရသောကြောင့်  ပန်းချီ၊ ပန်းပု အနုပညာလက်ရာများကို တိုးတက် လာသောခေတ်နှင့်အညီ နည်းပညာများမြှင့်တင်ခြင်း၊ မျှဝေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင်ခြောက်နိုင်ငံမှ ပန်းချီ၊ ပန်းပုအနုပညာရှင် လူငယ်များ ပါဝင်သော National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၂၆)ရက်မှ (၃၀) ရက်အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)ကတာဝန်ယူပြီး မန္တလေးမြို့တွင် Hybrid စနစ်ဖြင့် လက်ခံပြုလုပ်မည်ဖြစ်ကြောင်း။


အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သည် မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် Lancang - Mekong Cultural Exchange Youth Camp စီမံကိန်းနှင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် လန်ချန်း - မဲခေါင် ရုပ်သေးပွဲတော်များကို မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းသည် တတိယမြောက်ကျင်းပပြုလုပ်မည့် စီမံကိန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဦးစီးကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက်လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြု၍ ဖြည့်ဆည်းပေးစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက စီမံကိန်းအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် စီမံကိန်းကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုကို တင်ပြဆွေးနွေးပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)