NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဦးသီလာနန္ဒ မထေရ်မြတ်ကြီ၏ အန္တိမဈာပန အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဦးသီလာနန္ဒ မထေရ်မြတ်ကြီ၏ အန္တိမဈာပန အခမ်းအနား ကျင်းပ








MNP ၊ အောက်တိုဘာ ၂၄

ယမန်နေ့က NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် သက်တော်(၅၇)နှစ်၊ ဝါတော်(၂၇)ဝါရှိ မိုးကောင်းမြို့၊ လေးမိုင်ဘုန်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကဓဇ ဦးသီလာနန္ဒ မထေရ်မြတ်ကြီး၏ အန္တိမဈာပန အခမ်းအနား ကို ကျင်းပခဲ့ကြောင်း သိရသည်။

လေးမိုင်ဘုန်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကဓဇ ဦးသီလာနန္ဒ မထေရ်မြတ်ကြီး၏ အန္တိမဈာပန အခမ်းအနား ကို ဆရာတော်သံဃာတော်များ၊ တပည့် ဒါယိကာ၊ ဒါယိကာမများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး 

ဘဒ္ဒန္တဇောတိကဓဇ ဦးသီလာနန္ဒ မထေရ်မြတ်ကြီး၏ အန္တိမဈာပန အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူ ဦးထွန်းလွင်က "အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ အစိုးမရကုန် ဖြစ်တတ်ပျက်တတ်၏ ဖြစ်ကုန်ပြီး၍ ချုပ်ကုန်၏ တဲ့။ မိုးကောင်း ရွာသစ်ရပ် ဒက္ခိဏာရာမကျောင်းဆရာတော် ဦးနေမိန် ရဲ့ အဂ္ဂိအနတိမဈာပနပွဲကို လေးမိုင်ဆရာတော်မှ ကမကထ ဦးဆောင်ကာ အခမ်းနားဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ အဲဒီလိုဆောင်ရွက်နေစဉ် မှာ လေးမိုင်ဆရာတော်မှ ငါသေရင် လုပ်ပေးမဲ့သူ ရှိပါ့မလား မသိဘူးဆိုပြီး  ပြောခဲ့သည့်စကားဟာ ဒီလို အဖြစ်အပျက်မျိုးဖြစ်သွားတော့ ဘယ်သူမှ စိတ်မကောင်းတော့ပါ။ ရင်ထဲ အလွန်ဝမ်းနည်းရပါသည်။ ဘယ်အချိန် မှာ  ဘယ်လိုသေ ရမယ်ဆိုတာ မပြောနိုင်ဘူးတဲ့၊ လေးမိုင်ဆရာတော် သည်သူ အသက်ထင်ရှားရှိစဉ် တုန်းက ဘယ်ကိစ္စ ဘယ်အရာကိုမဆို သေသပ်ကျ နစွာလုပ်ကိုင်ဆောင်ရွက်တတ်ပါသည်။ လေးမိုင်သဂြို င်္င်းကအစ သေသေသပ်သပ် ဖြင့် အေးရိပ်ငြိမ် ဆိုပြီးနာမည်ပေး ထားခဲ့သည်။ အခုလည်းအေးရိပ်ငြိမ် ကနေ အေးချမ်း သည့် နေရာဘုံဌာနသို့  ကြွမြန်းလောက်ပြီထင်ပါသည်။ ကျန်ရစ်သည့် တပည့်၊ တကာ ၊တကာမ များမှလည်း အတတ်နိုင်ဆုံး ဆရာတော် သဘောကျ မည့် ပုံစံမျိုးဖြစ်အောင် အလေးထားဆောင်ရွက်ခဲ့ကြပါသည်။ လေးမိုင်ဆရာတော် ၏ အဂ္ဂိအန္တိမဈာပနပွဲ ဒီနေ့ ၂၃. ၁၀.၂၀၂၂ တနင်္ဂနွေနေ့ မှာ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ ဆရာတော် ကောင်းရာဘုံဘဝ ဘုံဌာနမှာ ခံစားစံစား နိုင်ပါစေ" ဟု ရေးသားဖော်ပြထားသည်။

ဘဒ္ဒန္တဇောတိကဓဇ ဦးသီလာနန္ဒ မထေရ်မြတ်ကြီးအား အောက်တိုဘာ (၁၆) ရက်နေ့ နံနက်ပိုင်းက KIA, PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့ အင်အား(၁၀)ဦးခန့်က  ကျောင်းပေါ်တက်လာပြီး သေနတ်ဖြင့် ၆ချက် ပစ်ခတ်ခဲ့သဖြင့် နေရာ၌ပင် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်သည်။ ဘဒ္ဒန္တဇောတိကဓဇ ဦးသီလာနန္ဒ  အပါအဝင် NUG, CRPH တို့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော် (၇၁)ပါး အထိ ပျံလွန်တော်မူခဲ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)