Pages

Pages

NUG အကြမ်းဖက်အဖွဲ့၏ ကာကွယ်ရေးဌာန က အကြမ်းဖက်လှုပ်ရှားသူများနှင့် ဆွေးနွေးပြီး သတင်းထုတ်ပြန်


MNP ၊ အောက်တိုဘာ ၂၇

NUG အကြမ်းဖက်အဖွဲ့၏ ကာကွယ်ရေးဌာန က အကြမ်းဖက်လှုပ်ရှားသူများနှင့် ဆွေးနွေးပြီး ယနေ့ ရက်စွဲဖြင့် သတင်းပြန်ထားသည်ကို တွေ့ရသည်။

ယမန်နေ့က NUG အကြမ်းဖက်အဖွဲ့၏ ကာကွယ်ရေးဌာန မှ ရည်မွန် နိုင်ထူးအောင် တို့ ဦးဆောင်၍ ၎င်းတို့၏ သြဇာခံ BPLA အကြမ်းဖက်အဖွဲ့မှ မောင်ဆောင်းခ၊ ရိုးအံ့မင်း အစရှိသော အကြမ်းဖက်လှုပ်ရှားသူများနှင့် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

NUG အကြမ်းဖက်အဖွဲ့၏ ကာကွယ်ရေးဌာနအနေဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့၊ BPLA အမည်ခံ အကြမ်းဖက်အဖွဲ့တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်သူများမှာ ဝရမ်းပြေးများအဖြစ် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြသူများ ဖြစ်ပြီး ပြည်တွင်းရှိ လူငယ်များကို ဆူပူအကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် အစဉ်သဖြင့် လှုံ့ဆော်နေကြသူများဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment