Pages

Pages

ကချင်ပြည်နယ် အစိုးရရုံးဝင်းအတွင်း မိုင်းဝင်ထောင်သည့် PDF အကြမ်းဖက်သမားတစ်ဦး မိုင်းကွဲ၍ သေဆုံး




MNP ၊ အောက်တိုဘာ ၃၁

ယမန်နေ့ အောက်တိုဘာ ၃၀ရက် ညပိုင်းက ကချင်ပြည်နယ်အစိုးရရုံးဝင်းအတွင်း မိုင်းဝင်ထောင်သည့် PDF အကြမ်းဖက်သမားတစ်ဦး မိုင်းကွဲ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ရက် ည ၇နာရီခန့်က မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ကချင်ပြည်အစိုးရအဖွဲရုံးဝင်းအတွင်း ဝင်ရောက်မိုင်းထောင်သည့် PDF အကြမ်းဖက်သမား အရှည်ကြီးဆိုသူသည် မိုင်းထောင်စဉ် ပေါက်ကွဲ၍ သေဆုံးခဲ့ကြောင်းသိရသည်။


လုံခြုံရေးအဖွဲက ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ အစိုးရအဖွဲရုံးဝင်းအတွင်းရှိ ဆမားဒူးဝါးဆင်ဝါးနော်ခန်းမဘေးနှင့် အစိုးရအဖွဲရုံးနောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက် ၃၀ ခန့်ရှိ PDF အကြမ်းဖက်သမားသည်  မှောက်ရက်အနေအထားဖြင့် သေဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment