PDF အမည်ခံအကြမ်းဖက်သမားများက ကောလင်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက ကောလင်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်

 


MNP ၊ အောက်တိုဘာ ၄

NUG၊ PDF အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် အနာဂတ်ရင်သွေးငယ် များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီး လျက်ရှိရာ အောက်တိုဘာလ ၃ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား   PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ် စိန်ပြောင်းဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။


ထိုသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းအတွင်းရှိ နှစ်ထပ် ကံ့ကော်ဆောင်အပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ခေါင်မိုးနှင့် အသုံးအဆောင်ပစ္စည်းများ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့သည်။ ယင်းသို့ စာသင်ကျောင်းအား နှောင့်ယှက်ပစ်ခတ်ခဲ့သော အကြမ်းဖက် သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)