ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၅၈၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၅၈၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များ ထိုးနှံပေး

 


MNP - အောက်တိုဘာ   ၂၅


ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ စုရပ် ၄ ခုတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၂)နှစ်အထက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ(၉)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ(၅၇၆)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၈၅)ဦးအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အ.ထ.က(၁)၊ အ.လ.က(၁)၊ အ.လ.က(၂)နှင့် အ.လ.က(၃)တို့တွင် စုရပ်များအဖြစ် သတ်မှတ်ထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှလည်း ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ချစ်စုဝေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)