အ.ထ.က(ခွဲ)လော်ကော်ကျောင်း၌ Steel Structureဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်း(၇၀) ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က(ခွဲ)လော်ကော်ကျောင်း၌ Steel Structureဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်း(၇၀) ရာခိုင်နှုန်းပြီးစီး





MNP - အောက်တိုဘာ  ၂၃


နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော် ကျေးရွာအုပ်စု၊ လော်‌ကော်ကျေးရွာ၊ အ.ထ.က (ခွဲ)လော်ကော်ကျောင်းတွင် Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀)ရှိ (၁)ထပ်ကျောင်း ဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဩဂုတ်လပထမအပတ်တွင် စတင်တည်ဆောက်လျက်ရှိရာ ယခုအခါတည်ဆောက်ခြင်း လုပ်ငန်း များ(၇၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါကျောင်း‌ဆောင်သစ်သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြု ရန်ပုံ ငွေကျပ် (၁၃၃.၂၀၀)သန်းဖြင့် May Barani Company Limited မှတာဝန်ယူ တည်ဆောက် ပေးလျက်ရှိပြီး သတ်မှတ် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် May Barani Company Limited မှတာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ဖြိုးသူနှင့် ကျေးရွာအတွင်းရှိ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။


ယင်းကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက လော်ကော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅)ရွာတို့မှ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ရှိ ကျောင်းသားလူငယ်များအနေဖြင့်  မိမိကျေးရွာအုပ်စု အတွင်း၌သာ အဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း  - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)