ချီဖွေမြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချီဖွေမြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

 


MNP - အောက်တိုဘာ ၂၃


ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗ ဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လည် (၁၂) နာရီအချိန်တွင်  စိုက်ပျိုးရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် တောင်သူအသိပညာပေး(Talk Show) ကျင်းပခဲ့ကြောင်း သိရှိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက စိုက်ပျိုးလုပ်ငန်း လုပ်ကိုင်နေကြသည့်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် အခက်အခဲများရှိလာပါက စိုက်ပျိုးရေးဦးစီး ဌာနနှင့် ချိတ်ဆက်၍ စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ယခုလို ဆွေးနွေးများ ဆောင်ရွက်ခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးကဌာန၏ အဓိကလုပ် ငန်းတာဝန်များဖြစ်သည့် မျိုးစေ့ထုတ်လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ တောင်သူများ၏ မျိုးလိုအပ်ချက်မရှိစေရေးအတွက် နှစ်ချင်းသီးနှံ မျိုးကောင်းမျိုးသန့်များကို အခမဲ့ဖြန့်ဖြူးပေးခြင်း၊ သွင်းအားစုများဖြစ်သော ဓါတ်မြေဩဇာများကိုလည်း အခမဲ့ဖြန့်ဖြူး ပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများအား အခါအားလျော်စွာ သင်တန်းများ ပို့ချလျက်ရှိကြောင်းနှင့် ရာသီအလိုက်စိုက်ပျိုးသော သီးနှံများဖြစ်သော မိုးစပါးနှင့် အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ အခြားစာဖိုဆောင်သီးနှံများ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီး စိုက်ပျိုးသင့်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေး ကျေးရွာစီမံကိန်း ကျေးရွာများအား တောင်သူများသို့ အတိုးနှုန်းသက်သာစွာဖြင့် ချေးယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးနေမှုများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


သတင်း - မေခမွန်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)