Pages

Pages

မအူပင်ခရိုင်တွင် ပထမတန်းစား စိတ်ဓာတ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

 


MNP - အောက်တိုဘာ  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ ပထမတန်းစား စိတ်ဓာတ်အကြောင်း သိကောင်းစရာ အသိပညာ‌ပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၃နာရီကကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ပထမတန်းစား စိတ်ဓာတ်နှင့် ပတ်သက်၍ သိကောင်းစရာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာ‌ပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး မအူပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစောမောင်က ပထမတန်းစား စိတ်ဓာတ်အကြောင်း သိကောင်းစရာ ရွေးချယ်ရသည့် ရည်ရွယ်ချက်၊ ပထမတန်းစား စိတ်ဓာတ်တွင် ရှိသင့်သည့် အရည်အချင်းများ၊ သာဓကများ၊ ကမ္ဘာ့ဖြစ်ရပ်များထဲက အကြောင်းအရာများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မအူပင်ခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment