တောင်ကြီးမြို့၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်



MNP - အောက်တိုဘာ  ၃၀


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာတောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ဘက်စုံသုံးခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး Talk Showကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။


အသိပညာပေး Talk Show တွင် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်မူမူသိန်းတို့က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်အမျိုးအစားများ၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုအခြေအနေ၊ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်အတွင်း သဘာဝဘေးကျရောက်ခဲ့မှုအခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေရန် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးမှုများကို ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်စေရန်အတွက် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Taunggyi နှင့် Community Centre Taunggyi Facebook Page တို့တွင် ပြည့်ပြည့်စုံစုံတင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)