YANGON WATER BUS တွံတေးမြို့သို့ စတင်ပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

YANGON WATER BUS တွံတေးမြို့သို့ စတင်ပြေးဆွဲ

 



MNP - အောက်တိုဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော ကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နှစ်ပေါင်း (၁၀၀)သက်တမ်းရှိ တွံတေးတူးမြောင်း၊ အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ လက်မှုပညာအိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ၊ အထင်ကရနေရာများသို့ လေ့လာနိုင်ရန် အတွက် (၂)နှစ်ကျော် ရပ်နားထားသော YANGON WATER BUS တွံတေးခရီးစဉ်ကို အောက်တိုဘာ (၈) ရက်နေ့နံနက် (၉)နာရီမိနစ်၂၀အချိန်က တွံတေးဆိပ်ခံဘောတံတားသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။


တွံတေးခရီးစဉ်တွင် ရန်ကုန်လမ်းသစ်ဆိပ်ကမ်းမှ နံနက်၇နာရီတွင် စတင်ထွတ်ခွာခြင်းဖြစ်ပြီး ခရီးစဉ်တွင် တွံတေးတူးမြောင်းအတွင်း တိုက်ခတ်လာသော အေးမြသော လေကိုရှုကာ၊  တူးမြောင်းနဘေးက စိမ်းစိုနေသောလယ်ကွင်းပြင်ကို ကြည့်ရှု့ခံစားပြီး တွံတေးတူးမြောင်းကို ဖြတ်ထိုးထားသော တွံတေးကြိုးတံတားကို ကြည့်ရင်း တစ်နာရီခန့်အကြာတွင် တွံတေးမြို့သို့ ဆိုက်ရောက်ခြင်းဖြစ်ကြောင်းသိရသည်။ 


တွံတေးဆိပ်ကမ်းမှတစ်ဆင့် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီ၊ အသားလွတ် နယ်မြေဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ မြွေဘုရား၊ ကျိုက်ဖူး၊ ကျိုက်ပါစေတီ၊ မြန်မာ့ လက်မှုပညာလုပ်ငန်းဖြစ်သော အိုးလုပ်ငန်းနှင့် ရှမ်းလေးရွာ၏ ရိုးရာရက်ကန်းများ အထင်ကရနေရာများအား လည်ပတ်သည့် နေ့ချင်းပြန်ခရီးဖြစ်ကြောင်း သိရသည်။


YANGON WATER BUS ကို (၂)နှစ်ကျော်ကြာ ရပ်နားထားရာမှ အောက်တိုဘာ(၆)ရက်နေ့မှ စတင်ကာ ပြန်လည်၍ ရန်ကုန်မြစ်အတွင်း ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ တွံတေးခရီးစဉ်တွင်


လူတစ်ဦးလျှင်ငွေကျပ် (၁၈၀၀၀)ကျပ်ဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့ များတွင် ဒေသန္တာရ ဗဟုသုတရရှိစေရေး နေ့ချင်းပြန်ခရီး ပြေးဆွဲခြင်းဖြစ်ကြောင်း သိရှိရသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)