Pages

Pages

ပြည်ရွှေဆံတော်ဘုရားဖူးများအား ရန်ကုန်တက္ကသိုလ်ဘူမိဗေဒ ကျောင်းသား၊ကျောင်းသူများနှင့်မိတ်ဆွေများအဖွဲ့က( ပထမအကြိမ်) စတုဒီသာအလှူတော် ထမင်းဘူးများလှူဒါန်း





MNP ၊ နိုဝင်ဘာ ၈

ပြည်မြို့ ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်၌ တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့နံနက်ပိုင်းက ဘုရားဖူးလာသူများအား ရန်ကုန်တက္ကသိုလ်ဘူမိဗေဒ ကျောင်းသား၊ကျောင်းသူများနှင့်မိတ်ဆွေများအဖွဲ့က( ပထမအကြိမ်) စတုဒီသာအလှူတော်အဖြစ် နေ့လယ်စာ ထမင်းဘူးများလာရောက်လှူဒါန်းကြောင်းသိရသည်။


လှူဒါန်းရာတွင် အဆိုပါအဖွဲ့က  စေတီတော်ရင်ပြင်၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကြသူများအား နေ့လယ်စာသုံးဆောင်ရန်အတွက် ထမင်းဘူး(၂၀၀၀)ကို နံနက်၉နာရီမှ မွန်းတည့်၁၂နာရီအထိစတုဒီသာအလှူတော်အဖြစ် အာဟာရဒါနကုသိုလ်ပြုစုပေါင်းလှူဒါန်းခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။


ကိုစိုး(ပြည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment