Pages

Pages

တာမွေမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ






MNP ၊  နိုဝင်ဘာ     ၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူ ဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တက်ရောက်လာကြသူများသည် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် (ဂန္တဝါစက ပဏ္ဍိတ ) ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလ ခံယူစောင့်တည် ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများသည် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ရွတ်ဖတ်သရဇ္ဈာယ် တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တာမွေမြို့နယ်ရှိ မြို့ဦးပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဉာဏဝံသထံမှ ကထိန်အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။ 

အဆိုပါ တာမွေမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ထက်တံခွန်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment