ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက် မြို့နယ်သံဃနယကဥက္ကဋ္ဌဆရာတော် ဘန္ဒန္တကုမာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)၏ သက်တော် (၆၇)နှစ်ပြည့်မွေးနေ့ အလှူတော်မင်္ဂလာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက် မြို့နယ်သံဃနယကဥက္ကဋ္ဌဆရာတော် ဘန္ဒန္တကုမာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)၏ သက်တော် (၆၇)နှစ်ပြည့်မွေးနေ့ အလှူတော်မင်္ဂလာကျင်းပ



MNP - နိုဝင်ဘာ  ၁၄


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် မြို့နယ်သံဃနယကဥက္ကဋ္ဌ ဆရာတော် ဘန္ဒန္တကုမာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)၏ သက်တော်(၆၇)နှစ်ပြည့်မွေးနေ့အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို နမောတဿ ဘုရားရှိခိုးဂါထာတော်ဖြင့် ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ဩကာသကန်တော့ချိုးဖြင့် ညီညာဖျဖျကန်တော့ကြပြီး မွေးနေ့ပွဲလာရောက်သော ပရိသတ်အပေါင်းတို့က ဆရာတော်ကြီးထံ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသောသီလတော်မြတ်ကို ခံယူဆောက်တည်ကြသည်။


ထို့နောက် နမ့်ဆန်မြို၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဦးသုဝဏ္ဏ အရှင်သူမြတ်မှ မွေးနေ့ရှင်ဖြစ်သော (မဟာသဒ္ဓမ္မဇောတိကဓဇ)မြို့နယ် သံဃနယကဥက္ကဋ္ဌဆရာတော်၏ ထေရုပ္ပတ္တိကိုဖတ်ကြားခြင်း၊ ရွှေပေါက်ပင် ဆရာတော်ဘဒ္ဒန္တဓမ္မသာရမှ ဂုဏပူဇာမင်္ဂလာဂါထာတော်ကိုဖတ်ကြားခြင်း၊ မြို့မဂိုဏ်းချုပ်ကျောင်း ကမ္မဌာနစရိယ ဘဒ္ဒန္တဉာဏိကက ထုတိဝန္ဒနာ ပူဇော်လွှာဂါထာတော်ကို ဖတ်ကြားခြင်း၊  ရန်ကုန်မြို့ ချမ်းမြေ့အေးကျောင်းဆရာတော် ဦးဇောတိက က အာစရိယဝန္ဒနာ ဂုဏပူဇာဂါထာတော် ဖတ်ကြားပူဇော်ပြီး နမ့်ဆန်မြို့ ယောဂီနှင့် ဓမ္မစကြာဝတ် အသင်းများက (ကြယ်စင်မှူးမန္တလေး)မှ ရေးသားပူဇော်အပ်သော ရှစ်လုံးဖွဲ့ကဗျာအား ရွတ်ဖတ်ပူဇော်ကြသည်။


မွေးနေ့ရှင် ဆရာတော်ကြီးအား နိုင်ငံတော်မှဆက်ကပ်လှူဒါန်းသည့် မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ပလောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်က ဆက်ကပ်လှူဒါန်းပြီး မွေးနေ့ရှင် ဆရာတော် ဘန္ဒန္တကုမာရ (မဟာသဒ္ဓမ္မဇောတိကဓဇ)မှ ဩဝါဒကထာမိန့်ကြားပေးပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေပြီး လာရောက်သောပရိသတ်များက ရတနာတော်မြတ်သုံးပါးအား ပြန်လည်ကန်တော့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)